一般社団法人BSL  日本トータルエステティックアカデミー協会  直営校

〜スタッフブログ〜

 

Copyright © 2010-2019 beautyschoollani.com AllRight Reserved.

ဤကျောင်းသည် ဂျပန်နိုင်ငံ၏ မျက်နှာအလှပြင်၊ ခန္ဓာကိုယ်အလှပြင် နည်းပညာကို ရယူနိုင်သော အလှပြင်ကျောင်းဖြစ်ပါသည်။

 

 

 

 

 

 

ဂျပန်နိုင်ငံ၏ အလှပြင်နည်းပညာသည် တစ်ကမ္ဘာလုံးမှလည်း ကောင်းမွန်ကြောင်း အကဲဖြတ်ခံရပါသည်။

ထိုသေချာသော နည်းပညာ၊ အသေးစိတ်သော ဝန်ဆောင်မှုများကို ဤကျောင်းတွင် သင်ယူနိုင်ပါသည်။

အမိနိုင်ငံသို့ပြန်ပြီး ဂျပန်နိုင်ငံ၏ အလှပြင်နည်းပညာကို ထည့်သွင်းအသုံးပြုထားသော အလှပြင်ဆိုင် ဖွင့်လှစ်ခြင်း

 

 

ဤကျောင်း၏ ထူးခြားချက်

 

 

လုပ်ငန်းခွင်အတွေ့အကြုံ ၁၀နှစ်ကျော်ရှိသော ဂျပန်လူမျိုး အမျိုးသမီးဆရာမမှ အသေအချာ ညွှန်ကြားပြသပါမည်။ (လက်တွေ့သင်ချိန်တွင် မြန်မာစကားပြန်နှင့်အတူ စာသင်ချိန်ကို အထောက်အကူ ပေးပါမည်။)

အလုပ်များသောသူများလည်း အခက်အခဲမရှိ စာလေ့လာနိုင်သော စနစ်ကိုထည့်သွင်းမိတ်ဆက်ထားခြင်း

အလှပြင်ခြင်းဆိုင်ရာသီအိုရီများကို မိမိအိမ်တွင် ကွန်ပြူတာနှင့် လက်ကိုင်ဖုန်းတို့မှတဆင့် နားထောင်ကြည့်ရှုနိုင်သည်။

အလှပြင်ခြင်းဆိုင်ရာ လက်တွေ့နည်းပညာများကို နေထိုင်ရာ အနီးနားတွင်ရှိသော စာသင်ခန်းများတွင် တက်ရောက်နိုင်သည်။

စာသင်ချိန်မှာ သင်ယူလိုသောနေ့ရက်၊ အချိန်တို့ကို မိမိဘာသာ တောင်းဆိုနိုင်ပြီး၊ အားလပ်သောအချိန်တွင် စာသင်ချိန်အားလုံးကို သင်ယူနိုင်သည်။

သင်ကြားခြင်းကို တစ်ဦးချင်း သို့မဟုတ် ၂~၃ဦး လူဦးရေအနည်းငယ်ဖြင့်လုပ်ဆောင်ပါသည်။

စာသင်ချိန်အားလုံးပြီးလျှင် ဒီပလိုမာလက်မှတ်ထုတ်ပေးခြင်း

(ဂျပန်ဘာသာဖြင့်ဖော်ပြခြင်း၊ အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြခြင်းကို ရွေးနိုင်ပါသည်)

 

 

တက်ရောက်နိုင်သော စာသင်ခန်းများကို ဤအရာများမှရွေးနိုင်ပါသည်။

 

 

တိုကျို (စုခိဂျိဘူတာ၊ တာခါဒါနိုဘာဘာမှ လမ်းလျှောက် ၃မိနစ်ကြာ)

အုစုနိုမီရ (အုစုနိုမီရမှ ကားဖြင့် ၁၀မိနစ်ကြာ)

အိုဆာကာ (တန်းနိုးဂျိမှ လမ်းလျှောက် ၅မိနစ်ကြာ)

ချီဘ (အီနာဂဲမှ လမ်းလျှောက် ၃မိနစ်ကြာ)

ဟိုကိုင်းဒိုး (ဆာပို့ရိုမှ လမ်းလျှောက် ၅မိနစ်ကြာ)

 

 

 

 

သင်ရိုးနှင့်ပတ်သက်၍

အောက်ပါတို့မှ နှစ်သက်ရာသင်ရိုးကို ရွေးပါ။

စတင်သင်ယူသူများအတွက်

မျက်နှာ: အခြေခံသင်ရိုး  လိုအပ်သောရက်အရေအတွက်  ၁၀ရက်ကြာ​  ¥77,500 + tax

ဦးစွာ အခြေခံနည်းပညာများမှ လေ့လာချင်သူများအတွက် အကြံပြုသောသင်ရိုး

စတင်သင်ယူသူများလည်းပဲ အခြေခံနှင့်ဆိုင်သော အစိတ်အပိုင်းများကိုအသေအချာ ညွှန်ကြားပြသသွားပါမည်။

ဤသင်ရိုးသည် အခြေခံသင်ရိုးဖြစ်သည့်အတွက် ဒီပလိုမာလက်မှတ်မဟုတ်ဘဲ သင်ယူခြင်းအသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးပါသည်။အတန်းပြီးဆုံးပြီးနောက်ပိုင်း အောက်ဖော်ပြပါ ဆိုင်ဖွင့်ရန်အတွက် သင်ရိုးများသို့ ဝင်ရောက်နိုင်ခြင်း (ဝင်ရောက်ခြင်းလျော့စျေးရှိ)

 

 

 

 

 

 

သင်ရိုးညွှန်းတမ်း

အခြေခံအရေပြားဘာသာရပ်

အလှပြင်ပစ္စည်းဘာသာရပ်

လျှပ်စစ်ဆိုင်ရာအလှအပဘာသာရပ်

အရေပြားသီးခြားရောဂါလက္ခဏာများ

အခြေခံအကြံပေးဘာသာရပ်

သန့်စင်ခြင်း~ကာကွယ်ကုသခြင်း လက်တွေ့နည်းပညာ

လျှပ်စစ်ဆိုင်ရာအလှအပနည်းလမ်း လက်တွေ့နည်းပညာ

ရောဂါလက္ခဏာသီးခြား လက်တွေ့လုပ်ဆောင်နည်း

 

 

 

 

စတင်သင်ယူသူ~လုပ်ငန်းရှင်များအတွက်

မျက်နှာ: အခြေခံ~အသုံးချသင်ရိုး   ¥137,500 + tax

အလှပြင်ဆိုင် ဖွင့်မည့်သူများအတွက် မျက်နှာအလှပြင် နည်းပညာကိုရယူနိုင်သော သင်ရိုး

အခြေခံမှစ၍ သေသေချာချာ အလှပြင်ဆိုင် ဖွင့်လှစ်နိုင်သော အဆင့်အထိ ညွှန်ကြားပြသပေးသည်

စတင်သင်ယူသူများလည်း စိတ်ချလက်ချ သင်ယူနိုင်သော သင်ရိုးညွှန်တမ်းများဖြစ်ပြီး မိမိ၏နှုန်းဖြင့် ဖြေးဖြေးချင်း သင်ယူနိုင်ပါသည်။

 

သင်ရိုးညွှန်းတမ်း

အခြေခံအရေပြားဘာသာရပ်

အသုံးချအရေပြားဘာသာရပ်

အလှပြင်ပစ္စည်းဘာသာရပ်

လျှပ်စစ်ဆိုင်ရာအလှအပဘာသာရပ်

အရေပြားသီးခြားရောဂါလက္ခဏာ

အခြေခံအကြံပေးဘာသာရပ်

လက်တွေ့အသုံးချအကြံပေးဘာသာရပ်

သန့်စင်ခြင်း~ကာကွယ်ကုသခြင်း လက်တွေ့နည်းပညာ

အခြေခံနှိပ်နည်းလက်တွေ့နည်းပညာ

အသုံးချနှိပ်နည်းလက်တွေ့နည်းပညာ

လျှပ်စစ်နှင့်အလှအပနည်းလမ်းလက်တွေ့နည်းပညာ

ရောဂါလက္ခဏာသီးခြားကာကွယ်ကုသမှုလက်တွေ့လုပ်ဆောင်နည်း

 

 

 

 

 

ခန္ဓာကိုယ် အခြေခံ~အသုံးချသင်ရိုး

အလှပြင်ဆိုင် ဖွင့်မည့်သူများအတွက် ခန္ဓာကိုယ်အလှပြင် နည်းပညာများကို ရယူနိုင်သော သင်ရိုး

¥137,500 + tax

အခြေခံမှစ၍ သေသေချာချာ အလှပြင်ဆိုင်ဖွင့်နိုင်သော အဆင့်အထိ ညွှန်ကြားပြသသွားပါမည်။

စတင်သင်ယူသူများလည်း စိတ်ချလက်ချ သင်ယူနိုင်သော သင်ရိုးညွှန်တမ်းများဖြစ်ပြီး မိမိ၏နှုန်းဖြင့် ဖြေးဖြေးချင်း သင်ယူနိုင်ပါသည်။

 

သင်ရိုးညွှန်းတမ်း

ခန္ဓာကိုယ်ဘာသာရပ်အခြေခံ~အသုံးချ

ခန္ဓာကိုယ်သီအိုရီအခြေခံ~အသုံးချ

အခြေခံအကြံပေးဘာသာရပ်

အသုံးချအကြံပေးဘာသာရပ်

ခန္ဓာကိုယ်ကာကွယ်ကုသမှုလက်တွေ့နည်းပညာ(တကိုယ်လုံး)

 

 

 

note:

ဆိုင်ဖွင့်ရန်သင်ရိုးကို အောင်မြင်သွားသူများသည် ဆိုင်ဖွင့်ရန်အတွက် ဆွေးနွေးတိုင်ပင်ခြင်း၊ အထောက်အပံ့ပေးခြင်းကို အခမဲ့လုပ်ဆောင်ပေးသည်။

ကျောင်းပြီးနောက် တစ်နှစ်လျှင် ၄ကြိမ် နောက်ဆုံးပေါ် သတင်းအချက်အလက်များကို ပုံမှန် မျှဝေပေးပါသည်။

နိုင်ငံပြန်သွားပြီးနောက်ပိုင်းတွင်လည်း Skype မှ သင်ယူနိုင်ပါသည်။

 

ဘယ်အချိန်မတိုင်ခင် ဘယ်အဆင့်အထိ နည်းပညာ တတ်မြောက်ချင်သလဲဆိုသည်ကို အားမနာဘဲ ဆွေးနွေးတိုင်ပင်ပါ။

 

 

လျှောက်ထားခြင်းမှကျောင်းပြီးသည်အထိ အဆင့်ဆင့်

① သင်ယူမည့်သင်ရိုးကိုရွေးချယ်ခြင်း

② သီးသန့်လက်ခံကောင်တာထံသို့ မေးလ် သို့မဟုတ် ဖုန်းဆက်ခြင်း

လက်ခံကောင်တာတွင် သင်ယူရန်ကြိုတင်စာရင်းပေးခြင်း နှင့် သင်ယူမည့်နေရာ၊ လျှောက်ထားနည်း စသည်တို့ကို မေးမြန်းနိုင်သည်။

③ သင်ယူမှုစတင်ခြင်း(လက်တွေ့နည်းပညာ)

④ သင်ယူရန်ဆန္ဒရှိသောနေ့ကို အကြောင်းကြားပြီး သင်ယူမည့်ရက်ကိုဆုံးဖြတ်ခြင်း

⑤ သင်ယူမှုစတင်ခြင်း (ဘာသာရပ်)

ဘာသာရပ်ကြိုတင်စာရင်းပေးနည်းလမ်းမှာ လျှောက်လွှာတင်ထားသောစုံစမ်းရန်ကောင်တာ သို့မဟုတ် ဤနေရာသို့ အကြောင်းကြားပါ။

 

 

e-mail      info@beautyschoollani.net

 

 

သင်ရိုးညွှန်းတမ်းပြီးဆုံးပြီးနောက်

1 ) သင်တန်းပြီးစာမေးပွဲ

2) ဒီပလိုမာထုတ်ပေးခြင်း

3) အလှပြင်ဆိုင်ဖွင့်ခြင်းနှင့်ပတ်သက်သော ဆွေးနွေးတိုင်ပင်မှု (တစ်ဦးချင်းဆွေးနွေးပေးပါသည်) အခမဲ့

သင်ယူမှုအတန်းကြေးပေးချေခြင်းကို ငွေသားဖြင့် သို့မဟုတ် ခရက်ဒစ်ကတ်ဖြင့် ပေးချေနိုင်ပါသည်

သင်ယူရန်အရည်အချင်း

၁၆နှစ်အထက်ရှိသောသူ

ဂျပန်နိုင်ငံတွင်းအမြဲတမ်းနေထိုင်ခွင့်ရထားသူ သို့မဟုတ် အကျုံးဝင်သောဗီဇာရရှိထားသူ

လွယ်ကူသောဂျပန်ဘာသာစကားကို နားထောင်နိုင်သောသူ (ဖတ်ခြင်း၊ ရေးခြင်းမလုပ်နိုင်လည်းရပါသည်)

အောက်ပါပုဂ္ဂိုလ်များမသင်ယူနိုင်ပါ

လက်တွင်အရေပြားရောဂါရှိခြင်း

လက်သည်းရှည်နေခြင်း